“ယခုအစည်းအဝေးသို့ လာကြကုန်သော ကျွန်ုပ်တို့အားလုံး ကိုယ်စီကိုယ်ငှစိတ်တွင် ယူကျုံးမရ ပူဆွေးနေကြသော ကိစ္စတခုမှာ မြန်မာပြည်အတွင်း မမိ၏ကာယသုခကို မငဲ့ကွက်မူ၍ ထောင်တွင်းသွင်း၍ အကျဉ်းထားခံနေရရှာသော ကျွန်ုပ်တို့၏ကိုယ်းကွယ်ရာ ဆရာတော်ဦးဥတ္တမ၏ အမူပေးတည်း။
အမျိုးသားတို့၏ အကျိုးငှာ မိမိကိုယ်တိုင် ဖြောင့်သည်၊ တရားသည်ဟု ထင်မြင်သဘောရသော တောင့်တချက်များကို ရရာရကြောင်းကောင်းစွာ အားထုပ်ဆောင်ရွက်သောအခါ၌ သာမညကာယိကဒုက္ခကို မဆိုထားဘိအုံး၊ာ မိမိအသက်ကိုပင် ငဲ့ကွခြင်းမရှိဘဲ ရွတ်ရွတ်ချွန်ချွန်စွန့်စွားနိုင်သော အာဇာနည်မျိုးကို စင်စစ်ဧကန်အမှန်ပင် တွေ့ကြုံနိုင်ခဲ့သမျှ ဖြစ်လေသည်။
မိမိအကျိုး စိုးစဉ်းမျှမပါမူ၍ တိုင်းပြည်အတွက် သက်သက်ကြိုးပမ်းဆောင်ရွက်ရာ၌ ဆရာတော်ဦးဥတ္တမသည် အတုယူ နည်းမှီလောက်သော ဘုန်းကြီးတစ်ပါးပင် ဖြစ်ပေသည်။ ဤကဲ့သို့ စိတ်နေသဘောထားမျိုးအကျင့်စာရိတ္တမျိုးရှိသော်လည်း အစိုးရ၏အပြစ်ဒဏ်ကို ရရာရကြောင်း လမ်းတစ်ခုသဖွယ်ဖြစ်ရခြင်းသည် ကျွန်ုပ်တို့၏ မကောင်းကံကြမ္မာ ဖန်တီးခြင်းပင် ဖြစ်ချေသည်။
သို့ရာတွင် ဤကဲ့သို့ဆင်းရဲဒုက္ခနှင့် ခေတ္တခဏ ကြုံကြိုက်ရခြင်းသည် ဝမ်းနည်ဖွယ်မဟုတ်။ ကျွန်ုပ်တို့များစွာ လိုလားတောင့်တအပ်သော လွတ်လပ်ရေးတည်းဟူသော ဆုလာဘ်ကြီးကို သာ၍ပင် နီးကပ်ရာနီးကပ်ကြောင်းအားတတ်ဖွယ်နိမိတ်ကောင်းများပင် ဖြစ်သည်ဟု ယူဆရန် သင့်ပေသည်” ၎င်းနောက် ၁၀-ကြိမ်မြောက် ဂျီ၊ စီ၊ ဘီ၊ အေ ကွန်ဖရင့်ကို သရက်မြို့၌ ကျင်းပသည့် ထိုအချိန်တွင် ကွဲစပြုလာသည်။ “ဒိုင်” နှင့် “ဟုံး” သည် ထိုကွန်ဖရင့်တွင် အပြတ်အသတ်ပင် ကွဲကြတော့သည်။
၁၂၈၄-ခုနှစ်၊ တန်တောင်မုန်းလဆုတ် ၆- ၇- ၈ ရက်နေ့များ ကျင်းပခဲ့သည်။
သံဃသ မဂ္ဂီအဖွဲ့ချုပ်၏ ဥက္ကဌဗားမဲ့ဆရာတော်သည်လည်း ထိုကွန်ဖရင့်သို့ ကြွရောက်၍အားပေး၏။
အစည်းအဝေးတွင် ဦးဥတ္တမကိုယ်တော်တိုင် ကြွရောက်ပါလိမ့်မည်ဟု ဥက္ကဌ ဦးချစ်လှိုင် လက်မှတ်နှင့် ဖိတ်စာကိုဝေငှ၍ ထောင်ကျစဉ်အခါကစ၍ ဖွင့်လှစ်ကောက်ခံခဲ့သော ဦးဥတ္တမအတွက် ရန်ပုံငွေမှာ တိုင်းပြည်က စေတနာ ထက်သန်စွာဖြင့်ပင် ထည့်ဝင်လှူဒါန်းရရှိသဖြင့် ဆရာတော်ဦးဥတ္တမအား လက်လွဲပေးအပ်ဖို့ ဆုံးဖြတ်ကြသည်။
No comments:
Post a Comment